ဆိုလာချပ်တွေကို အပူချိန်လွန်ကဲခြင်းမှ ဘယ်လိုကာကွယ်မလဲ? 🌡️
ဆိုလာချပ်များအပူချိန်လွန်ကဲသောအခါ -
🟠စွမ်းဆောင်ရည်ကျဆင်းခြင်း
🟠ဆိုလာချပ်များ၏သက်တမ်း လျော့နည်းလာခြင်း၊
🟠 အပူချိန်လွန်ကဲခြင်းကြောင့် ဆိုလာချပ်များပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
-----------------------------------------------------------
☀️အထူးသဖြင့် မြန်မာနိုင်ငံကဲသို့သော အပူပိုင်းဒေသတွေမှာ အပူချိန်လွန်ကဲခြင်းပြဿနာကို ပိုမို ကြုံတွေ့ရလေ့ရှိပါတယ်။ ဖုန်မှုန့်များနှင့် အပူချိန်လွန်ကဲခြင်းများကြောင့် ဆိုလာချပ်များစွမ်းဆောင်ရည်ကျဆင်းလာပါက အောက်ပါနည်းလမ်းများကိုအသုံးပြုနိုင်ပါတယ်-
🟩 ဆိုလာချပ်များကို လေအဝင်အထွက်ကောင်းစေရန် တပ်ဆင်ထားခြင်း (ဆိုလာချပ်များကို အိမ်ခေါင်မိုး (သို့) Rooftop များတွင် တပ်ဆင်ပါက သတ်မှတ်ထားသော structure ပစ္စည်းများဖြင့်စနစ်တကျတပ်ဆင်ခြင်း)
🟩 ဆိုလာစနစ်တပ်ဆင်ပါက ဆိုလာချပ်များအား သန့်ရှင်းရေးလုပ်ရန်နှင့် အပူချိန်လွန်ကဲခြင်းများကို လျှော့ချပေးနိုင်ရန်အတွက် ရေပိုက်များသွယ်တန်း၍ sprinkler (သို့) အခြားသော water outlet များအားတပ်ဆင်၍ automatic cleaning system အားပြုလုပ််ထားခြင်း။
🟩 ခေါင်မိုးများပေါ်တပ်ဆင်ထားပါက ဆိုလာချပ်များတပ်ဆင်ထားသည့် ခေါင်မိုးများတွင် reflective or cool roof coating များအားထည့်သွင်းထားခြင်းဖြင့် ခေါင်မိုးနှင့် ဆိုလာချပ်များကြားရှိ အပူချိန်ကိုလျော့ကျစေနိုင်ပါတယ်။
🟩 အရည်အသွေးမြင့် monocrystalline ဆိုလာချပ်များအားတပ်ဆင်အသုံးပြုခြင်း ( Monocrystalline ဆိုလာချပ်များသည် Polycrystalline ဆိုလာချပ်များထက် အပူချိန်မြင့်မားခြင်းအား ပိုမိုခံနိုင်ရည်ရှိပါတယ်)
ဖော်ပြပါအချက်များအား ဆောင်ရွက်ခြင်းဖြင့် ဆိုလာချပ်များအား အပူချိန်လွန်ကဲခြင်းကို လျှော့ချပေးခြင်း/ ကာကွယ်ခြင်းများအား လုပ်ဆောင်နိုင်ပါတယ်။