🌦️မိုးရာသီအတွင်း ဆိုလာစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲ?
ဆိုလာစနစ်ကို အသုံးပြုဖို့စဉ်းစားတဲ့အခါ လူအများစုက မိုးတွင်းနဲ့ နေရောင်ခြည်ကောင်းကောင်းမရတဲ့ နေ့တွေမှာ စွမ်းအင်မရနိုင်မှာကို စိုးရိမ်တတ်ကြပါတယ်။ သို့သော်လည်း မိုးရာသီမှာတောင် ဆိုလာစွမ်းအင်ကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
⚡ဘာကြောင့် တိမ်ထူတဲ့နေ့တွေနဲ့ မိုးရာသီမှာပါ ဆိုလာစနစ်ကိုအသုံးပြုနိုင်တာလဲ? ဆိုလာချပ်တွေက ဘယ်လိုအလုပ်လုပ်တာလဲ?
လူအများစုထင်နေသလို ဆိုလာချပ်တွေဟာ တိမ်ထူတဲ့နေ့တွေနဲ့ မိုးရွာတဲ့နေ့တွေမှာ အလုပ်မလုပ်တော့တာ မဟုတ်ပါဘူး။ တိုက်ရိုက်နေရောင်ခြည်ရရှိမှုက စွမ်းအင်ထုတ်လုပ်မှုကို အများဆုံးဖြစ်စေပေမယ့် ဆိုလာချပ်တွေဟာ တိမ်ထူထပ်တဲ့အချိန်တွေမှာ အလင်းရောင်အနည်းငယ်ကိုပဲ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို ဆက်လက်ထုတ်လုပ် နိုင်ပါတယ်။ နည်းပညာတိုးတက်မှုတွေကြောင့် အခုခေတ် ဆိုလာချပ်တွေဟာ အလင်းနည်းတဲ့အခြေအနေမှာတောင် ပိုမိုထိရောက်စွာအလုပ်လုပ်နိုင်ပါတယ်။
🔋Batter Storage System - အရန်ဓာတ်အားပေး ဘက်ထရီစနစ်
လျှပ်စစ်စွမ်းအင် စဉ်ဆက်မပြတ်ရရှိနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုအနေနှင့် ဆိုလာစနစ်အား ဘက်ထရီစွမ်းအင်သိုလှောင်စနစ်နှင့်တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဘက်ထရီတွေဟာ နေရာင်ခြည်ကောင်းမွန်စွာရရှိတဲ့နေ့တွေမှာ ထုတ်လုပ်ထားတဲ့ အပိုစွမ်းအင်တွေကို သိမ်းဆည်းထားပြီး စွမ်းအင်ထုတ်လုပ်မှုနည်းတဲ့အချိန်တွေမှာ ပြန်လည်အသုံးပြုနိုင်အောင်ထောက်ပံ့ပေးပါတယ်။